ကျွန်တော်တို့ အကြောင်း
မိတ်ဆွေရဲ့ လုပ်ငန်းအတွက် အမှန်တကယ် လိုအပ်ချက်များ ကိုသာ ဖြည့်ဆည်းပေးမှာပါ...
မြန်မာပြည်တွင် အရည်အသွေးမြင့် IT Software များထုတ်လုပ်ရောင်းချရန် နှင့် IT ဝန်ဆောင်မှုများ ပေးရန်အတွက် Tech Reliance ကုမ္ပဏီကို (၂၀၁၆) ခုနှစ်၊ စက်တင်ဘာလတွင် နိုင်ငံတကာ အတွေ့အကြုံ နှစ်ပေါင်းများစွာ ရှိသော IT ပညာရှင်များက စတင် တည်ထောင် ဖွဲ့စည်း ခဲ့ပါသည်။ ထို့နောက် ပြည်တွင်းမှ အတတ်ပညာရှင်များအား လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် ကျင့်ဝတ်များကို မွန်းမံသင်ကြားပေးကာ ထပ်မံအင်အား ဖြည့်တင်းခဲ့ပါသည်။ ယခုအခါ ဝယ်ယူသူများ၏ လုပ်ငန်းလိုအပ်ချက်ပြည့်မီအောင်၊ နိုင်ငံတကာအဆင့်မီအောင် ကုမ္ပဏီ၏ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များက ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ Tech Reliance ကုမ္ပဏီသည် လှပသေသပ်သော၊ နိုင်ငံတကာ အဆင့်မီသော
- Website များ၊ Web Applications များနှင့်
- Mobile Applications များကိုပြည်တွင်း၌ပင် ရေးသားဖန်တီးပေးလျက် ရှိပါသည်။
ထို့အပြင် ကုမ္ပဏီများ နှင့် အဖွဲ့ အစည်းများအတွက်
- IT Help Desk ဝန်ဆောင်မှု၊
- Business Email ဝန်ဆောင်မှုနှင့်
- Software Maintenance - ဆော့ဖ်ဝဲလ်များ ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှု များကိုဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုမျှမက Tech Reliance ကုမ္ပဏီက -
- School Management System (MY SCHOOL) ကျောင်းနှင့် သင်တန်းများ၏ အချက်အလက်များကို စီမံခန့်ခွဲပေးနိုင်သည့် ဆော့ဖ်ဝဲလ်၊
- Facility Booking Management System - အစည်းအဝေးခန်းများ၊ စာသင်ခန်းများ၊ စင်မြင့်များ၊ အလုပ်စားပွဲငယ်များ၊ အခြား ပရိဘောဂနှင့် အသုံးအဆောင် ပစ္စည်းများ စသည့် Facilities အမျိုးမျိုးကို စီမံခန့်ခွဲ ပေးနိုင်သည့် ဆော့ဖ်ဝဲလ်၊
- Point of Sale System - စားသောက်ဆိုင်နှင့် စတိုးဆိုင်များ၏ အရောင်းနှင့် inventory ကို စီမံခန့်ခွဲပေးနိုင်သည့် ဆော့ဖ်ဝဲလ် များကို ထုတ်လုပ်ရောင်းချ ပေးလျက်ရှိပါသည်။
ကုမ္ပဏီကို ဦးဆောင်ကြသူများ
ပြည်တွင်းပြည်ပ အတွေ့အကြုံ ရင့်ကျက်သော IT ပညာရှင်များ
ကျွန်ုပ်တို့၏စွမ်းရည်
နိုင်ငံတကာ အဆင့်မီ သေသပ်လှပသော Website နှင့် Web Applications များ၊ Mobile Applications များကို လျင်မြန်စွာဆောင်ရွက်ပေးနေပါတယ်။ ထို့အပြင် School Management Solutions (MY SCHOOL)၊ Facility Management System နှင့် Point of Sales System များကိုလည်း ဝယ်ယူသူ လုပ်ငန်းရှင်များ စိတ်တိုင်းကျ ရောင်းချပေးနေပါတယ်။
ကျွန်ုပ်တို့၏ ကတိစကား
ကျွန်ုပ်တို့၏ IT နည်းပညာနှင့် ဝန်ဆောင်မှုများသည် နိုင်ငံတကာစံနှုန်းများနှင့် လည်းကောင်း၊ သင့်လုပ်ငန်း၏ လိုအပ်ချက်နှင့် လည်းကောင်း ကိုက်ညီစေရမည်ဟု အာမခံပါသည်။
- ဝယ်ယူသူတို့၏လုပ်ငန်းအတွက် အမှန်တကယ် လိုအပ်သော IT နည်းပညာကိုသာ ကျွန်ုပ်တို့ဖန်တီးပေးသည်။
- ကျွန်ုပ်တို့၏ အောင်မြင်မှုကို စီးပွားရေး လုပ်ဖော်ကိုင်များ၏ ယုံကြည်မှု၊ ဝယ်ယူသူတို့အပေါ် သစ္စာရှိမှု တို့ဖြင့် တည်ဆောက်သည်။